“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဟု ကြွေးကြော်သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
12 June 2023
“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဟု ကြွေးကြော်သည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ယင်းမာပင်နှင့်ဆားလင်းကြီးမြို့နယ်မှ ကျေးရွာများစုပေါင်းထားသော ရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ ဇွန်လ၁၂ရက်တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဟူသော စာတန်းကို ကိုင်စွဲပြီးစစ်အာဏာရှင်အလိုမရှိကြောင်းကြွေးကြော်သံများ ဟစ်ကြွေးကာ ချီတက်ခဲ့ကြသည်။

ယနေ့ပြုလုပ်သောဆန္ဒပြပွဲသည် စစ်အာဏာရှင်ဆန့်ကျင်ရေးရက်ပေါင်း (၈၁၄) ရက်မြောက်ရွာပေါင်းစုံသပိတ်ဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်‌ရေးဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း-မောင်ကြီး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly