မြင်းခြံမြို့နယ်တွင် ကင်းပတ်ထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

By MTO (မဇ္ဈိမ)
11 June 2023
မြင်းခြံမြို့နယ်တွင် ကင်းပတ်ထွက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

မန္တလေးတိုင်း ၊  မြင်းခြံမြို့နယ်အတွင်းရှိ ကြည်ရွာမှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ နှစ်ဦးလုံးသေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း(၆)၊ တပ်ခွဲ (၁)၊ နောင်ရိုး အထူးပြောက်ကျားတပ်ဖွဲ့ NYSGF က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ် ကြည်ရွာမှ ဆီးမီးခုံဖက်သို့ ဆိုင်ကယ် ဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း  NYSGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကင်းပတ်ထွက်တာ နေ့တိုင်းနီးပါး ထွက်တယ်။ သူတို့ ပြန်တောင်မပစ်နိုင်ဘူး ချက်ခြင်းတန်းလဲသွား တာ” ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ MA-1 တလက်၊ 5.56 ကျည် ၁၆  တောင့်နှင့် ဖုန်း တလုံးသိမ်းဆည်းရမိခဲ့ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ‌ကြောင်း NYSGF အဖွဲ့က  ထုတ် ပြန်ထားသည်။

ယင်းအပြင် နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့ NYSGF အဖွဲ့အနေဖြင့် မြင်းခြံခရိုင်အတွင်း စစ်ဆင်ရေး များကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် အနီးကပ်နေထိုင်သွားလာခြင်းများကို ရှောင်ရှားကြပါရန် အသိပေးကြေညာ ထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။   ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required