ဆွီဒင်နိုင်ငံတွင် လိင်ဆက်ဆံခြင်းကို တရားဝင်အားကစားအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။
DAILY KNOWLEDGE ဆိုသည့်ဖေ့စ်ဘုတ်စာမျက်နှာမှ ဇွန်လ ၄ ရက်နေ့တွင် “Sweden နိုင်ငံကတော့ လိင် ဆက်ဆံတာကို အားကစားအဖြစ်ကြေငြာခဲ့ပြီး ဥရောပရဲ့ပထမဆုံးသော “sex championship” ကို ဇွန် လ ၈ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်” ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ ဖြန့်ဝေ ခဲ့သည်။
ယင်းပို့စ်ကို ကြိုက်နှစ်သက်သူ ၃၅,၀၀၀ ကျော်၊ ပြန်လည်မျှဝေသူ ၅,၀၀၀ နီးပါးရှိခဲ့သည်။ အလားတူပင် အခြား ဖေ့စ်ဘုတ်ပေ့ချ်များတွင်လည်း ပြန်လည်ကူးယူဖော်ပြမှုများစွာရှိနေပြီ ဖြစ်သည်။
မဇ္ဈိမ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့က အဆိုပါအကြောင်းအရာတွင် ပါဝင်သော အဓိက စကားလုံး များ ဖြစ်သည့် “Sweden” , “sex championship” စသည့်စကားလုံးများဖြင့် google တွင် ရှာဖွေခဲ့သည်။
တွေ့ရှိချက်များအရ ဆွီဒင်နိုင်ငံ၏ လိင်အကြောင်းဆိုင်ရာအဖွဲ့ချုပ် (Swedish Federation of Sex) ဥက္ကဋ္ဌ ဖြစ်သူက လိင်ဆက်ဆံခြင်းကို အားကစားအဖြစ်သတ်မှတ်ပေးရန် လျှောက်လွှာတင်ခဲ့ပြီး ယခုနှစ်ဧပြီလ တွင် ဆွီဒင်အမျိုးသားအားကစားအဖွဲ့ချုပ်က ယင်းလျှောက်လွှာအား မပြည့်စုံဟုသတ်မှတ်ကာ ပယ်ချခဲ့ ကြောင်း နိုင်ငံတကာသတင်းဌာနဖြစ်သည့် WION နှင့် Hindustan Times သတင်းဝက်ဘ်ဆိုက်များမှ ဇွန် ၅ ရက်နေ့တွင် ဖော်ပြခဲ့ကြသည်။
လင့် - https://bit.ly/43pQ6Mz , https://bit.ly/43o4oxr
ထို့ပြင် အချက်အလက်စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် “Boom Myanmar” မှ လည်း ယင်းအကြောင်း အရာနှင့် ပတ်သက်၍ သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးထားသည်ကို တွေ့ရသည်။
လင့်- https://bit.ly/43J9HqN
အိန္ဒိယသတင်းဌာနဖြစ်သည့် NDTV သတင်းဝက်ဘ်ဆိုက်၏ဖော်ပြချက်တွင်လည်း အဆိုပါအကြောင်း အရာနှင့်ပတ်သက်၍ မည်သို့သောလုပ်ပိုင်ခွင့်နှင့် ခွင့်ပြုချက်များကို ဆွီဒင်အာဏာပိုင်များမှ ပေးထားခြင်း မရှိကြောင်း ဖော်ပြထားသည်။
လင့် - https://bit.ly/3MQ83Nu
ထို့ကြောင့် ဆွီဒင်နိုင်ငံတွင် လိင်ဆက်ဆံခြင်းကို တရားဝင်အားကစားအဖြစ်သတ်မှတ်လိုက်ပြီဆိုသော သတင်းမှာ သတင်းအမှားသာဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ