ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲများကြား ပညာရှာသူများ(ရုပ်သံ)

By ဂျူချန်း (မဇ္ဈိမ)
06 June 2023
ဒီးမော့ဆိုမြို့နယ်က တိုက်ပွဲများကြား ပညာရှာသူများ(ရုပ်သံ)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေပြီး ဒီလိုပစ်ခတ်မှုတွေကြားက စစ်ရှောင်နေကြတဲ့ကလေးတွေအတွက် နေရေးထိုင်ရေး အခက်အခဲအပြင် တခြားလိုအပ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီယန္တရား လည်ပတ်နိုင်ခြင်း မရှိတော့တဲ့ ဒီးမော့ဆိုမြို့နယ်မှာ စေတနာ့ဝန်ထမ်းတွေ၊ CDM ဆရာ ဆရာမတွေက လက်နက်သံ၊ အမြောက်ဆန်တွေကြားကနေ စစ်ဘေးရှောင် ကလေးတွေကို ပညာသင်ကြားပေးနေကြတာ နှစ်နှစ်ရှိနေပါပြီ။

၂၀၂၂ ခုနှစ်တုန်းက ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့အခြေပြု စာသင်ကျောင်းပေါင်း ၁၀၀ နီးပါးကို ဖွင့်လှစ်နိုင်ခဲ့ပြီး Grade 1 ကနေ Grade 12 အထိ ကျောင်းသားပေါင်း ၁၅,၀၀၀ ဝန်းကျင်ကို ပညာသင်ကြားပေးနိုင်ခဲ့တယ်လို့ CDM ကျောင်းဆရာက ပြောပါတယ်။

ဒီနှစ်မှာလည်း ပြည်သူ့အခြေပြု စာသင်ကျောင်းတွေ ထပ်မံဖွင့်လှစ် နိုင်ဖို့အတွက် လိုအပ်တဲ့ ဖတ်စာအုပ်တွေကို ဝယ်ယူနိုင်ဖို့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့က “ယမ်းငွေ့ကြားက ပန်းပွင့်ဖို့ ဝိုင်းဝန်းကူညီကြစို့” ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly