တရားမျှတမှု့သို့ ခရီးရှည် | The Long Road to Justice

06 June 2023
တရားမျှတမှု့သို့ ခရီးရှည် | The Long Road to Justice

လက်ရှိမြန်မာနိုင်ငံမှာ တရားဥပဒေဆိုတာ ဘယ်မှာမှ ရှာလို့မရပါဘူး။ တရားဥပဒေစိုးမိုးမှု မရှိတဲ့အတွက် မတရားဖမ်းဆီးမှုတွေ၊ ကလေးတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးမှုတွေသာမက နေအိမ်များကို တရားမဲ့သိမ်းယူမှုများပါ ရှိနေပါတယ်။ တရားဥပဒေမရှိလို့ လူတွေလုံခြုံမှုမရှိသလို တဖက်မှာလဲ တရားစီရင်မှုကို ကျွန်တော်တို့ ဘယ်မှာရှာဖွေကြမလဲ။ အမှန်တရားနဲ့ ဆင်ခြင်တုံတရားကို အသုံးချပြီး စီရင်ချက်ချမဲ့ တရားသူကြီးတွေမရှိပဲနဲ့ စစ်အာဏာရှင်တွေရဲ့ အမိန့်ကပဲ စီရင်ချက်ဖြစ်နေပါတယ်။ တရားမျှတမှု မရှိပဲနေနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် တရားမှုတမှုကို တချိန်ချိန်မှာ ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ မတရားမှုအပေါ်မှာ တရားမျှတမှုက အနိုင်ယူပြီးတော့ အသွင်ကူးပြောင်းရေးကာလကို ဖြတ်ကျော်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ကျူးလွန်ခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးဟာ အားလုံးရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နစ်နာချက်တွေကို ဖော်ဆောင်နိုင်တဲ့ ပါတ်ဝန်းကျင်ကို ဖန်တီးပြီးတော့ တာဝန်ရှိတဲ့သူတွေကို တရားစွဲနိုင်ဖို့၊ သူတို့နဲ့ ထိုက်သင့်တဲ့ အရေးယူမှု လုပ်ဆောင်နိုင်ဖို့ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဟာ မဖြစ်မနေလိုအပ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly