မြန်မာနိုင်ငံကို ဆာလောင်မှု ဖိစီးနိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ နံပါတ် ၁၈ အဖြစ် ကုလသတ်မှတ်

06 June 2023
မြန်မာနိုင်ငံကို ဆာလောင်မှု ဖိစီးနိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ နံပါတ် ၁၈ အဖြစ် ကုလသတ်မှတ်

ကုလသမဂ္ဂက မြန်မာနိုင်ငံကို ဆာလောင်မှု ဖိစီးနိုင်တဲ့ နိုင်ငံတွေ စာရင်းမှာ နံပါတ် ၁၈ နေရာကို ထားရှိ သတ်မှတ်လိုက်ပါတယ်။

မိုခါဆိုင်ကလုန်း မတိုက်ခတ်ခင်တည်းက ရခိုင်ပြည်နယ် လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲနွမ်းပါးမှု ဖိစီးတဲ့ဒဏ် ခံစားနေခဲ့ရသလို လူပေါင်း ၂ သိန်းလောက်ကလည်း နယ်မြေ မငြိမ်သက်မှုတွေ အပါအဝင် အကြောင်းရင်း မျိုးစုံကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ကြရတယ်။

နိုင်ငံလူဦးရေ ရဲ့ထက်ဝက်ဟာ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဝဝလင်လင်တောင် မစားသောက်ရဘူးလို့ UNDPရဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ ပြည်သူတွေကို အရေးပေါ် ကူညီထောက်ပံ့ဖို့ နောက်ထပ် နှောင့်နှေးမနေသင့်တော့ဘူးလို့ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး အစီအမံ (UNDP) ဌာနေ ကိုယ်စားလှယ်က အလေးအနက် သတိပေးခဲ့ပါတယ်။

တကယ်လို့ နိုင်ငံတကာ အသိုက်အဝန်းဆီက ထိရောက် လျင်မြန်တဲ့ အကူအညီတွေသာ လက်တွေ့ကျကျ မထောက်ပံ့နိုင်ဘူးဆိုရင် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ဆင်းရဲဒုက္ခ သံသရာတွေ အစဉ်မပြတ် ဆက်လည်ပတ်နေဦးမှာ သေချာတယ်လို့ UNDP ဌာနေကိုယ်စားလှယ် တီတန် မစ်ထရာက ပြောကြားသွားပါတယ်။

လက်ရှိ အခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် စားနပ်ရိက္ခာ မလုံလောက်မှုက အန္တရာယ် အကြီးဆုံး အဆင့်ထိ ဦးတည်သွားနိုင်တယ်လို့ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required