ကျေးရွာပေါင်းစုံသပိတ် ၈၀၉ ရက်မြောက်အဖြစ် ဆက်လက်ချီတက်

By ပါခွီး (မဇ္စျိမ)
05 June 2023
ကျေးရွာပေါင်းစုံသပိတ် ၈၀၉ ရက်မြောက်အဖြစ် ဆက်လက်ချီတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာများစုပေါင်းထားသည့် ကျေးရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၀၉ ရက်မြောက်အဖြစ် ဇွန်လ ၅ ရက် ယနေ့ တွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် ဒေသတွင်း၌ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေသဖြင့် မငြိမ်သက်မှု များကြားမှ စစ်အာဏာရှင်အလိုမရှိကြောင်း ထုတ်ဖော်ပြသကြခြင်းဖြစ်သည်။

ကျေးရွာပေါင်းစုံသပိတ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြပြီး ကျဆုံး အာဇာနည်များကိုအလေးပြုခဲ့ကြကာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required