လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
03 June 2023
လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၌ ယနေ့ ဇွန်လ ၃ ရက် နေ့လယ်ပိုင်းအချိန်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို “ဖက်ဆစ်‌ရွေးကောက်ပွဲကို သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”

ဘန်နာကို ကိုင်စွဲ၍ ‌လူငယ်များ၊ အမျိုးသမီးများနှင့် ဒေသခံအများအပြား၏ ပူးပေါင်းပါဝင်မှုဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#တနင်္သာရီတိုင်း

#လောင်းလုံးမြို့နယ်

#စစ်အာဏာရှင်ဆန့်ကျင်ရေး

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly