ခင်ဦးမြို့နယ် ကျီးအိုင်ရွာကို စစ်ကောင်စီတပ်ဖွဲ မီးရှို့

By လွှမ်းမိုး (မဇ္ဈိမ)
02 June 2023
ခင်ဦးမြို့နယ် ကျီးအိုင်ရွာကို စစ်ကောင်စီတပ်ဖွဲ မီးရှို့

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇွန်လ ၂ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် ကျီးအိုင်ကျေးရွာကို စတင်မီးရှို့‌နေကြောင်း ဒေသခံများထံu သ်ိရသည်။

“အကုန်လုံးကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ ရွာပေါ်က မီးခိုးလုံးတွေ အူတက်လာပြီး နေအိမ်တွေ မီးလောင်နေတာကို အဝေးကနေ မြင်နေရတာဆိုတော့ ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး မသိသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်ရှိ သဲကုန်းကြီး ၊ မရမ်းအင်း ၊ ကုန်းသာ ၊ အင်းပတ် နှင့် မြကန် ကျေးရွာများမှ ဒေသခံ ဦးရေ ၃,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

ယမန်နေ့တွင်လည်း ခင်ဦးမြို့နှင့် နှစ်မိုင်ခန့်အကွာရှိ ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ပြီး မီးလောင်အိမ်ခြေစာရင်းအား မသိရသေးကြောင်း အခြားဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတွင် ခန့်မှန်းအင်အား ၈၀ ခန့်ရှိပြီး ကုန်းသာကျေးရွာကို ရောက်ရှိနေကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required