ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်အစပ်ရှိ လွယ်လုံကျေးရွာ တွင် မေလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်အားတိုက်ခိုက်ရင်း KNDF B/11 မှ ရဲဘော် မောင်ရဲမြင့် ကျဆုံးခဲ့ရသည်။
စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ရဲဘော်မောင်ရဲမြင့်၏ ဈာပန အခမ်းအနားအား ယနေ့ မေလ ၂၈ ရက်နေ့တွင်ပြုလုပ်ခဲ့ပြီး ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့သည်ဟု KNDF / B-11 က ထုတ်ပြန်ထားသည်။
ရဲဘော်မောင်ရဲမြင့်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေးရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေးတို့အတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သဖြင့် KNDF/B-11 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ မှတ်တမ်းတင် သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုများနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ