မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းခန့် အမေရိကန် ကူညီ

မိုခါ ဆိုင်ကလုန်းမုန်တိုင်းနောက်ပိုင်း ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းခန့် အမေရိကန် ကူညီ

မြန်မာနိုင်ငံတွင် လူ ငါးသန်းကျော်ထက်မနည်းပေါ် သက်ရောက်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ကြုံတွေ့ပြီးနောက် လူသားချင်း စာနာထောက်ထားသည့် လိုအပ်ချက်များကို တုံ့ပြန်ရန် ထပ်တိုး လူသားချင်း စာနာထောက်ထားသည့် အကူအညီ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါးကို အမေရိကန် နိုင်ငံကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှတစ်ဆင့် အမေရိကန်က ထောက်ပံ့ကူညီသည်။

မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် အသိုင်းအဝိုင်းများအတွက် အရေးပေါ် ခိုလှုံနေရာ၊ သန့်ရှင်းသောရေနှင့် မိလ္လာစနစ်နှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် အားချင်း လူသားချင်း စာနာထောက်ထားရေး လိုအပ်ချက်များကို ယခု ထပ်တိုး ထောက်ပံ့မှုဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း USAID က ဆိုသည်။

ယခု အကူအညီသစ်သည် မုန်တိုင်း တိုက်ခတ်ပြီး ချက်ချင်း ပေးအပ်သော အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၂၀၀,၀၀၀ တွင် ထည့်သွင်းမည်ဖြစ်ပြီး သက်ရောက်ရာ ဧရိယာများ၌ လုပ်ကိုင်နေသော USAID လူသားချင်း စာနာထောက်ထားရေး မိတ်ဖက်များမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်သည်။

ထိုပြင် ယခု လက်ငင်းအကူအညီသည် မြန်မာနိုင်ငံက USAID မိတ်ဖက်များ ကူညီဆောင်ရွက်နေသော အရေးပေါ် စားနပ်ရိက္ခာ၊ မရှိမဖြစ် ခိုလှုံရာနေရာနှင့် နေရာရွှေ့ပြောင်းသည့် မိသားစုများအတွက် ကယ်ဆယ်ရေး အထောက်အပံ့များအပြင် ဆေးဘက်ဆိုင်ရာနှင့် ရှာဖွေရေကယ်ဆယ်ရေး အဖွဲ့များကိုလည်း ထောက်ပံ့မည် ဖြစ်ကာ မုန်တိုင်းဒဏ် စိစစ်အကဲဖြတ် တုံ့ပြန်ခြင်းနှင့်အတူ သဘာဝဘေး တုံ့ပြန်ရေးအဖွဲ့များသို့ ထောက်ပံ့ပံ့ပိုးသွားမည် ဖြစ်သည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးသည့် ဦးဆောင် အလှူရှင်ဖြစ်ပြီး ၂၀၁၇ ဩဂုတ်လမှ စတင်ကာ မြန်မာနိုင်ငံက ယုံကြည်ရသော လူသားချင်း စာနာထောက်ထားရေး အကူအညီပေးသူများသို့ ဒေါ်လာ သန်း ၄၀၀ ကျော် ပေးအပ်ထားသည်။

ယခု မုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါး သက်ရောက်သော ပြည်သူများထံ မရှိမဖြစ် အကူအညီများ ပေးအပ်ရေးအတွက် မြေပြင်တွင် မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

https://www.mizzima.com/article/us-provides-17-million-additional-aid-my...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required