အငြိမ်းလို့ လူသိများတဲ့ ဒေါက်တာအေးငြိမ်းသူဟာ ချင်းတောင်တန်းပေါ်မှာ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရန်ပုံငွေရှာဖွေရေးလုပ်ကိုင်နေတဲ့ Heal the World အဖွဲ့ကို ဦးဆောင်လုပ်ကိုင်နေပါတယ်။
အခုဆိုရင် Heal the World တည်ထောင်ခဲ့တာ နှစ်နှစ်ပြည့်မြောက်ပြီးဖြစ်ပါတယ်။
ဒီကာလအတွင်း အဖွဲ့ရဲ့ စွမ်းဆောင်နိုင်စွမ်း မှတ်တိုင်စိုက်ထူခဲ့မှုတွေနဲ့ တော်လှန်ရေးအတွက် လိုအပ်ချက်တွေကို မဇ္ဈိမစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက မေးမြန်းထားပါတယ်။