အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်၊ ဒက်ထွိုက်မြို့မှာ IPEF အင်ဒိုပိစိဖိတ်ဒေသ စီးပွားရေးမူဘောင် ညှိနှိုင်းဆွေးနွေးပွဲကို အာရှဒေသကိုယ်စားလှယ်တွေနဲ့ ကျင်းပဖို့ စီစဥ်နေပါတယ်။
ထိုင်းနိုင်ငံမှာ မိုးရာသီအစပျိုးပြီး စပါးစိုက်ရာသီမှာ စပါးအထွက်တိုးဖို့ ထိုင်းဘုရင်ကို အမှူးထားပြီး လယ်ထွန်မင်္ဂလာ ကျင်းပ၊ ရုရှားနိုင်ငံသားတွေ အမေရိကန်အတွက် လျှို့ဝှက်သူလျှိုလုပ်ပေးပါလို့ အမေရိကန် ဗဟိုထောက်လှမ်းရေး CIA က လူသိရှင်ကြား ကြေညာ၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေနဲ့အတူ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်၊ သောကြာမနက် မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။