မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် ပြောက်ကျားသပိတ် ဖော်ဆောင်

By KMN (မဇ္ဈိမ)
26 May 2023
မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် ပြောက်ကျားသပိတ် ဖော်ဆောင်
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် လူစည်ကားရာနေရာများတွင် မေလ ၂၅ ရက်နေ့က ပြောက်ကျားသပိတ် ဖော်ဆောင်ခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ထုတ်ပြန်သည်။

"ကျောက္ကာလမ်း၊ နာရီစင်၊ ကန်သာယာစတဲ့နေရာတွေမှာဖော်ဆောင်ခဲ့ပါ" ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

ပြောက်ကျားသပိတ်ဖော်ဆောင်မှုတွင် "ကျေးလက်မှာပေးဆပ် မြို့ပြမှာအပြုံးမပျက်"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "ဖက်ဆစ်စနစ်သပိတ်မှောက် ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်" စသည့်စာသားများ ကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်ပြီး စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ကျေးရွာများမှဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့သည့်ကျေးရွာများအားလည်း သွားရောက်ပြီး စားသောက်ကုန်များလှူဒါန်းနေကြောင်း ယင်းအဖွဲ့ဝင်က မဇ္ဈိမကိုပြောသည်။

စာတည်း-သန့်ဇော်(သန်လျင်)
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required