“ဘက်ပေါင်းစုံ” စကားလုံးနဲ့အချိန်ကုန်နေပြန်တဲ့ အာဆီယံ (ဆောင်ပါး)

23 May 2023
“ဘက်ပေါင်းစုံ” စကားလုံးနဲ့အချိန်ကုန်နေပြန်တဲ့ အာဆီယံ (ဆောင်ပါး)

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအပေါ်မှာ အများကြီးမျှော်လင့်ထားခဲ့ကြပေမယ့်အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ သက်တမ်းထက်ဝက်ကျော်လာချိန်အထိ ဘာမှ ရေရေရာရာမရှိသေးတာတွေ့နေရပါတယ်။ 

 

မေ ၉ ရက် ကနေ ၁၁ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဖလောစ်ကျွန်းမှာကျင်းပခဲ့တဲ့အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာ့အရေးအတွက်ထူးခြားတဲ့ဆုံးဖြတ်ချက်ထွက်မလာနိုင်ခဲ့ပါဘူး။ 

 

အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာ့အရေးအတွက် အဓိကဇာတ်ကောင်တွေနဲ့တိတ်တဆိတ်ဆွေးနွေးနေတယ်လို့ဆိုခဲ့ပေမယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကတော့ ထိပ်သီးဆွေးနွေးပွဲအပိတ်သတင်းစာ ရှင်းလင်းပွဲမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးမှာဘာမှတိုးတက်မှုရှိမနေဘူးလို့ ဝန်ခံသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly