အစိုးရထုတ်လုပ်ထားတဲ့ ငွေသား စက္ကူနဲ့ ဗဟိုအခြေပြုမရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေးစနစ် ဘာကွာလဲ

By Bitcoin Myanmar Initiative
21 May 2023
အစိုးရထုတ်လုပ်ထားတဲ့ ငွေသား စက္ကူနဲ့ ဗဟိုအခြေပြုမရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေးစနစ် ဘာကွာလဲ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

https://www.facebook.com/bitcoin.MM.initiatve

အစိုးရမှ ထုတ်လုပ်ထားတဲ့ ငွေစက္ကူတွေကို “Fiat Money” လို့ အင်္ဂလိပ်လို သုံးနှုန်းပါတယ်။ “Fiat” ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကားက ဆင်းသက်လာပြီးတော့ မြန်မာလိုဆိုရင်တော့ “အမိန့်အာဏာ” လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

အစိုးရရဲ့ အမိန့်အာဏာကြောင့် ဒီ ငွေစက္ကူတွေဟာ ဥပဒေအရ ငွေပေးငွေချေ လုပ်နိုင်ပြီး အစိုးရက မလိုလားတဲ့ အချိန်အခါရောက်ရင် အခွင့်အာဏာနဲ့ ပြန်ရုတ်သိမ်းနိုင်ပါတယ်။ ဒီလိုမျိုး ငွေစက္ကူတွေကို အစိုးရက ထိန်းချုပ်တာ ပြန်ရုတ်သိမ်းတာမျိုးတွေဟာ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်များစွာရှိပြီး မြန်မာပြည်မှာလည်း စစ်အာဏာရှင် နေဝင်းက ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန် စတာတွေကို မသုံးရလို့ အမိန့်နဲ့ ထုတ်ပြန်လိုက်တာကြောင့် မြန်မာပြည်သူ ပြည်သား သန်းပေါင်းများစွာရဲ့ ချွေးနဲစာတွေဟာ အသုံးမကျတဲ့ စာရွက်တွေ နေ့ချင်း ညချင်း ဖြစ်သွားခဲ့ရဖူးတဲ့ သမိုင်း ဖြစ်စဉ်ဆိုးရှိပါတယ်။

အခွင့်အာဏာနဲ့ ထိန်းချုပ်လို့ရတဲ့ ငွေကြေးစနစ် ဖြစ်တဲ့ အတိုင်း ဒီငွေကြေး စနစ်ကို ထိန်းချုပ်သူတွေဟာ ငွေကြေး အသုံးပြုသူတွေရဲ့ ဘဝကို ဘဏ်လုပ်ငန်းတွေကနေတဆင့် ကြိုက်သလို ခြယ်လှယ်ခွင့်ရလာကြပါတယ်။ အနီးစပ်ဆုံး ဥပမာ အရဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာကို သိမ်းယူပြီးနောက် ငွေကြေးထုတ်မှုတွေ ကန့်သက်လိုက်လို့ ATM စက်ရှေ့မှာ လူတန်းရှည်ကြီး ရပ်စောင့်ရတာတွေ၊ ကိုယ့်ပိုက်ဆံကို ပြန်လည်ထုတ်ယူဖို့ အခွင့်အာဏာရှိသူတွေကို မျက်နှာချိုသွေးရတာမျိုးတွေ ပြုလုပ်ရပါတယ်။

ဒီ အဖြစ်အပျက်မျိုးဟာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်းမှာ ဖြစ်တာ မဟုတ်ဘဲ တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း အဖြစ်များပါတယ်။ ဥပမာ တစ်ခုအနေနဲ့ လက်တလော ဖြစ်ခဲ့တဲ့ လက်ဘနွန်နိုင်ငံရဲ့ ဘဏ် အခဲအကျပ်အတည်း ကြုံတွေရချိန်မှာ ဘဏ်မှာ ငွေအပ်ထားသူတွေကို ပိုက်ဆံပြန်ထုတ်ပေးဖို့ ငြင်းဆန်တာကြောင့် ပြည်သူတွေ ဘဏ်ကိုယုံကြည်ခဲ့သူတွေပေါင်းပြီး ဘဏ်တွေကို ဆန္ဒပြတာ ထိုက်သင့်တဲ့ ပြည်သူ့ ပြစ်ဒဏ်ပေးတာမျိုးတွေ တစ်နိုင်ငံလုံး အတိုင်းအတာထိ ပြုလုပ်ခဲံပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် လူတွေဟာ ကိုယ့်ရဲ့ ငွေကြေးကို အပြည့်အဝ ပိုင်ဆိုင်ခွင့် မရှိနိုင်သလို ကန့်သက်ချက်များစွာနဲ့ အသုံးပြုနေရမြဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အရှိန်နဲ့ ဖြစ်ပေါ်လာနေတဲ့ Bitcoin နဲ့ တခြားသော Cryptocurrency ငွေကြေး စနစ်တွေဟာတော့ မိမိပိုင်ဆိုင်တဲ့ ငွေကြေးကို ကြားခံလူ (အစိုးရ သို့မဟုတ် ဘဏ်) စသည်များကို ကြောက်လန့် လေးစားနေစရာမလိုဘဲ လွတ်လပ်စွာ အသုံးပြုနိုင်တဲ့ နည်းပညာ အခွင့်အလမ်း တစ်ခုအနေနဲ့ ကမ္ဘာတစ်ဝန်းမှာ ရေပန်းစားလာပါတယ်။

ဒီလိုလွတ်လပ်စွာ အသုံးပြုနိုင်တဲ့ ငွေကြေးစနစ်ဖြစ်တာကြောင့်လည်း အစိုးရတော်တော်များများက ပိုကောင်းတဲ့ နည်းပညာအသစ်ဖြစ်နေပေမဲ့ သူတို့လိုသလို ထိန်းချုပ်လို့မရလို့ ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ကြိုးစားဖိနှိပ်ဖို့ အားထုတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ခုနှစ် မေလ (၁၅) က မြန်မာနိုင်ငံဗဟိုဘဏ်က Bitcoin အပါအ၀င် တခြားသော Cryptocurrencyတွေကိုအသုံးပြုပါက ဥပေဒ ပုဒ်မ ၁၇၁ အရ အရေးယူခံရမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ တရားစွဲဆိုခံရပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂)နှစ်မှ (၅) နှစ်ထိ ကျခံရနိုင်ပြီး ငွေဒဏ် သန်း(၅၀၀)ထိ သော်လည်းကောင်း ထောင်ဒဏ်၊ငွေဒဏ် (၂)မျိုးစလုံး ကျခံနိုင်ပါတယ်။

ဗဟို ထိန်းချုပ်သူ ကင်းမဲ့တဲ့ ဒစ်ဂျစ်တယ် ငွေကြေး စနစ်ကို ထိန်းချုပ်ဖို့ မြန်မာနိုင်ငံနည်းတူ တခြားသော နိုင်ငံတွေဟာ ကြိုးစားကြပါတယ်။ ဒီထဲမှာ တရုတ်နိုင်ငံရဲ့ ကြိုးစား အားထုတ်မှုဟာ အတော်ကြီးမားပြီး ၂၀၁၃ ခုနှစ်တည်းက Bitcoin နဲ့ တခြားသော Cryptocurrency တွေကို ဥပဒေနဲ့ ban (တားဆီးပိတ်ပင်မှု) အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ်။ ၁၀ နှစ်ကျော်ကြာသည့်တိုင် ပိတ်ပင်ရန် ကြိုးစားမှု အောင်မြင်မှု မရရှိဘဲ ယခုအချိန်မှာ တရုတ်နိုင်ငံဟာ အမေရိကန်ပြီးရင် ဒုတိယ အကြီးဆုံး Bitcoin mining ပြုလုပ်တဲ့ စျေးကွက်ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

ကိုးကား

၁. ဟိုဘက်ကမ်းက မီးထိန်ထိန် (burma.irrawaddy.com)

၂. Myanmar Central Bank Claims Crypto is Banned, Users Disagree (cointelegraph.com)

၄.The value of the Burmese Kyat dropped by half within two years of the coup (RFA Burmese)

၅. According to reports, Lebanon's Central Bank refuses to release money to depositors causing riots in Beirut (Bitcoin News)

၆. Bitcoin production roars back in China despite Beijing’s ban on crypto mining (CNBC)

(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly