စစ်ကောင်စီထံ စစ်လက်နက်တွေမရောက်ဖို့ ကုလရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်နာဟု စင်္ကာပူကထပ်မံ ဖြေရှင်း

စစ်ကောင်စီထံ စစ်လက်နက်တွေမရောက်ဖို့ ကုလရဲ့ ဆုံးဖြတ်ချက်အတိုင်းလိုက်နာဟု စင်္ကာပူကထပ်မံ ဖြေရှင်း

စင်္ကာပူနိုင်ငံဟာ ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာစစ်တပ်ဆီ စစ်လက်နက်ပစ္စည်းတွေ မရောက်အောင် တားဆီးဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

စင်္ကာပူက မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ တင်ပို့တဲ့ အရေးပါတဲ့ ကြားခံနေရာဖြစ်သလို ပါဝင်ပတ်သက်မှုလည်း ရှိနေတယ်လို့ ကုလအထူးကိုယ်စားလှယ် Tom Andrew ရဲ့ မေလ ၁၇ ရက်နေ့က ပြောကြားချက်နဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက  အခုလို တုန့်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrew ကိုယ်တိုင်ကလည်း သူနောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဆီ စင်္ကာပူအစိုးရက စစ်လက်နက်ပစ္စည်းပေးပို့နေတဲ့ အရိပ်လက္ခာ တခုမှ မတွေ့ရကြောင်း ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required