ကန့်ဘလူနယ်တွင် မုန်တိုင်းအပြီး  စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ 

ကန့်ဘလူနယ်တွင် မုန်တိုင်းအပြီး  စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် အတွင်း ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက် လာသောကြောင့် ကျေးရွာ ၃၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် မုန်တိုင်းတိုက်အပြီး စစ်ကောင်စီတပ်က စစ်ကြောင်းပြန်ထိုးနေ၍ ကျေးရွာအများအပြားမှ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

မေလ ၁၇ရက်နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ်အား စစ်ကောင်စီ၏ ခမရ (၃၆၁) ၊ ခမရ (၃၆၈)နှင့် နယ်မြေခံပျူစောထီး အင်အား ၃၀၀ ကျော်က စစ်ကြောင်း လေးကြောင်းခုဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required