စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မုန်တိုင်းဘေးသင့်ပြည်သူတွေကို အကူအညီပေးရာမှာ အဟန်အတားဖြစ်စေ

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မုန်တိုင်းဘေးသင့်ပြည်သူတွေကို အကူအညီပေးရာမှာ အဟန်အတားဖြစ်စေ

ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ကုလ သမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီတွေက ကြိုးပမ်းနေပြီး မြန်မာစစ်အာဏာရှင်တွေရဲ့ ဗျူရိုကရေစီ နဲ့ နိုင်ငံရေးကန့်သတ်ချက်တွေကြောင့် အကူအညီပေးရေးလုပ်ဆောင်သူတွေဟာ စိတ်ပျက်နေကြတယ်လို့ ပြောပါ တယ်။

၁၀ နှစ်အတွင်း အင်အားအပြင်းဆုံး ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှုပမာဏ များပြားခဲ့ပါတယ်။

မိုခါ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မုန်တိုင်းသင့်ဒေသတွေကို လူသားချင်းစာနာမှု အရေးပေါ် ကူညီပေးဖို့အတွ က် အာဏာသိမ်းစစ်ကောင်စီရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

#Political News
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly