"ရန်ငါပြတ်ကြ၊ ဒါနိုင်ငံတော်အသက်လုပွဲ၊ ပြိုင်တူရုန်း၍ တော်လှန်ကြ"စာတန်းကိုင်စွဲပြီး ကြံခင်းမှာ ဆန္ဒပြ

By မင်းထက် (မဇ္စျိမ)
17 May 2023
"ရန်ငါပြတ်ကြ၊ ဒါနိုင်ငံတော်အသက်လုပွဲ၊ ပြိုင်တူရုန်း၍ တော်လှန်ကြ"စာတန်းကိုင်စွဲပြီး ကြံခင်းမှာ ဆန္ဒပြ

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၇ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရန်ငါပြတ်ကြ ဒါနိုင်ငံတော်အသက်လုပွဲ ပြိုင်တူရုန်း၍ တော်လှန်ကြ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၄)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#Mizzima

#ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly