ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယမန့်နေ့ မေလ ၁၄ ရက်နေ့က အလွန့်အလွန် အားကောင်းသော "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ဆုံးရှုံးခဲ့ရသည့် မြင်ကွင်းများ ဖြစ်သည်။
အလွန့်အလွန် အားကောင်းသည့် မိုခါမုန်တိုင်းကြောင့် ကျောက်တော်မြို့ပေါ်အပြင် ကျေးရွာများရှိ ဘုရားစေတီများ၊ လူနေအိမ်များ ပြိုလဲပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။