စစ်ဘေးဒဏ်သင့်ပြီး မုန်တိုင်းဒဏ်ပါ ခံရဦးမယ့် မြန်မာပြည်သူတွေ

စစ်ဘေးဒဏ်သင့်ပြီး မုန်တိုင်းဒဏ်ပါ ခံရဦးမယ့် မြန်မာပြည်သူတွေ

မိုခါဆိုင်ကလုံးမုန်တိုင်းဟာ အားပြင်းထန်စွာနဲ့ မြန်မာပြည်ကို ဝင်ရောက်တော့မှာဖြစ်ပြီး မြန်မာ့လူဦးရေ ၁၇ သန်းကျော်အပေါ် သက်ရောက်မှုရှိမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် - WFP က ထုတ်ပြန်ထားပါတယ်။

WFP ရဲ့ တွက်ချက်ထုတ်ပြန်ချက်အရ လေတိုက်နှုန်းဟာ တစ်နာရီ ကီလိုမီတာ ၆၀၊ ကီလိုမီတာ ၉၀ နဲ့ ကီလိုမီတာ ၁၂၀ အထိ ဖြတ်သန်းမယ်လို့ အမျိုးအစားခွဲထားပါတယ်။

မိုခါမုန်တိုင်းဝင်ရောက်မယ့် ဒေသတွေကတော့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ကီလိုမီတာ ၁၀၃ ကနေ ၁၂၀ အထိ တိုက်ခတ်နိုင်တဲ့ဒေသတွေကတော့ ရခိုင်၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly