ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၉ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ "ငါတို့အလှည့်ကျန်သေးတယ်(စကစ)ကိုတရားစီရင်ဖို့"စာသားပါ ဘန်နာ(ဗီနိုင်း)အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၇၆)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။