(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)
https://www.facebook.com/Bitcoin.MM.Initiative
ခေတ်အဆက်ဆက်က မြန်မာစစ်အစိုးရတွေရဲ့ ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေအထဲမှာ ငွေကြေးနဲ့ပတ်သက်နဲ့ ဖိနှပ်မှုတွေ၊ ယုတ်မာမှုတွေကလည်း သမိုင်းမှာထင်ထင်ရှားရှားဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်အများကြီးရှိခဲ့ပါတယ်။
အဲ့ဒီအထဲမှာ ၁၉၈၇ခုနှစ် (မဆလခေတ်) တုန်းက အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်းရဲ့အမိန့်အရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်ကနေ ထုတ်ဝေထားတဲ့ ၂၅ကျပ် (နှစ်ဆယ့်ငါးကျပ်)၊ ၃၅ကျပ် (သုံးဆယ့်ငါးကျပ်) နှင့် ၇၅ကျပ် (ခုနှစ်ဆယ့်ငါးကျပ်)တန် ငွေစက္ကူတွေကို တရားဝင်ငွေအဖြစ်ကနေ ရပ်စဲလိုက်တဲ့ဖြစ်ရပ်ဟာ ပြည်သူတွေအပေါ် အများကြီးသက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
မဆလအစိုးရအနေနဲ့ ၁၉၆၄ နှင့် ၁၉၈၅ ခုနှစ်တွေတုန်းကလည်း ငွေစက္ကူအချို့ကို ယခင်အကြိမ်ကြိမ် ဖျက်သိမ်းပေမယ့် ပြည်သူတွေကို လျော်ကြေးပြန်ပေးခဲ့ဖူးပါတယ်။ အချက်အလက်တွေအရ ၁၉၈၇ခုနှစ်မှာ ငွေကြေးတရား၀င်ဖျက်သိမ်းတဲ့အတွက် နိုင်ငံအတွင်းလည်ပတ်နေတဲ့ ၈၀ရာခိုင်းနှုန်းသော ငွေကြေးတွေ ဆုံးရှုံးခဲ့ပေမဲ့ ဒီငွေကြေး ဆုံးရှုံးသွားတဲ့ သန်းနဲ့ချီတဲ့ သာမန် မြန်မာပြည်သူလူထု အတွက် ဘာမှ ပြန်လည် မရရှိခဲ့ပါဘူး။
ဒီဖြစ်ရပ်ဟာ ပြည်သူတစ်ရပ်လုံးအတွက် တုန်လှုပ်ချောက်ချားစရာ ငွေကြေးအခက်အခဲကို ဖြစ်စေခဲ့ပြီး အလွှာပေါင်းစုံက ပြည်သူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်ခဲ့ပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဆူးလေနဲ့ အင်းစိန်မြို့နယ်တွေမှာ ကျောင်းသားတချို့က လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒါတင်မကသေးဘဲ ၂၀၀၃ ခုနှစ်တုန်းကလည်း သန်းရွှေခေတ် စစ်အစိုးရဲ့ ဘဏ္ဍရေးဆိုင်ရာဆုံးဖြတ်ချက်အလွှဲတွေ ကြောင့် မြန်မာငွေကျပ် တန်ဖိုးအကြီးအကျယ်ကျဆင်းလာပြီး မြန်မာနိုင်ငံမှာ အာရှဓနနဲ့ မေဖလားဝါးဘဏ်အပါအ၀င် ပုဂ္ဂလိကဘဏ်အချို့ပြိုလဲသွားပြီး စီးပွားရေး မတည်ငြိမ်မှုများနှင့် လူမှုရေးမငြိမ်သက်မှုများဖြစ်ခဲ့တာတွေ ဖြစ်စဉ်တွေ ရှိပါတယ်။
သမိုင်းတကြော့ပြန်လည်သလိုပဲ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေ စုဆောင်းထားတဲ့ ငွေကြေးတွေကို ဘဏ်တွေကနေ ATM ကနေထုတ်ဖို့ ဘဏ်/ATM ရှေ့မှာ နာရီပေါင်းများစွာတန်းစီးရတာတွေ၊ အကြောင်းပြချက်မရှိဘဏ်အကောင့်အပိတ်ရတာတွေ၊ ဘဏ်အကောင့်ကနေ ငွေထုတ်နိုင်တဲ့အရေအတွက်ကို ကန့်သတ်တာတွေ စသဖြင့်အခက်အခဲတွေ ဖြစ်ခဲ့တာလည်း အားလုံးအသိဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းတလျှောက် ပြန်ကြည့်မယ်ဆိုရင် ငွေကြေးကို ထိန်းချုပ်နိုင်သူသာလျှင် ရှင်ဘုရင် လုပ်လို့ရနိုင်စွမ်း ရှိသလိုပဲ မြန်မာနိုင်ငံရဲ့ ပြဿနာဇစ်မြစ်တွေများစွာထဲကမှ ဖိနှိပ်ချင်တဲ့ စစ်တပ်အနေနဲ့ မြန်မာကျပ်ငွေကို အသုံးပြုပြီး နှဖူးကချွေး ခြေမ အထိ ကျပြီး စုဆောင်းထားတဲ့ မြန်မာနိုင်ငံသား ပြည်သူတွေရဲ့ စုဆောင်းထားမှုတွေကို ချေမှုန်းရင်းနဲ့ အာဏာကို ထိန်းထားပါတယ်။
ဒါကြောင့်လည်း မြန်မာကျပ်လိုမျိုး အခွင့်အာဏာရှိသူ တစ်စုက ဗဟိုထိန်းချုပ်မှုစနစ်အောက်မှာ ထိန်းချုပ်တဲ့ စနစ်မဟုတ်တဲ့ နည်းပညာ အခြေပြု ဒစ်ဂျစ်တယ် ငွေကြေး စနစ်တွေဟာ မြန်မာနိုင်ငံသားတွေ အတွက် မျှော်လင့်ချက် တစ်ခုဖြစ်လာပါတယ်။
Bitcoin ဟာ စျေးအတက်အကျ အလွန်မြန်ဆန်တယ်၊ ရာဇဝတ်မှု အသုံးပြုသူတွေ အသုံးများတယ်လို့ နာမည်ထွက်ပေမယ့် မြန်မာဘဏ်ထဲမှာ ထည့်ထားတဲ့ ငွေကြေး ဒါမှမဟုတ် စစ်တပ်က အချိန်မရွေး အာဏာနဲ့ သိမ်းပိုက်လိုက်လို့ရတဲ့ ကိုယ့်ရဲ့ စီးပွားရေး၊ အိမ်၊ မြေ၊ ကား စတာတွေထက် စာရင် အများကြီးသာလွန်ကြောင်းကို စာရေးသူတို့ သုတေသန ပြုလုပ်ထားချက်အရ တွေ့မြင်ရပါတယ်။
အချက်အလက်တွေအရ စစ်တပ် အာဏာမသိမ်းခင်ကာလဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀၂၁ မတိုင်ခင်ကာလမှာ Bitcoin တစ်ခုကို မြန်မာငွေကျပ် သိန်း ၆၀၀ ဝန်းကျင်အထိ ရှိပြီး ယခု ဧပြီလ ၂၀၂၃ မှာတော့ မြန်မာငွေကျပ် သိန်း ၈၀၀ မှ ၁၀၀၀ ကြား အထိ ဖြစ်သွားခဲ့ပါတယ်။
တခြားသော လက်နဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အရာတွေနဲ့ ကွာခြားချက်ကတော့ ဒီလို နည်းပညာ အခြေပြု တန်ဖိုး (value) တွေဟာ မိမိကိုယ်တိုင် ကိုယ့်ရဲ့ Key phrase (Password လို အရာမျိုး) ကို မေ့သွားခဲ့မှသာ ဆုံးရှုံးမှာ ဖြစ်ပြီး ရပ်ကွက်ထဲက မိမိနဲ့ ရန်ညှိုးရန်စရှိတဲ့ ဒလန်ရဲ့ မဟုတ်မမှန် သတင်းပေးမှုကြောင့် မိမိရဲ့ ဘဏ်အကောင့် ပိတ်ခံရနိုင်သလို ကံဆိုးရင် အိမ်၊ ခြံ၊ မြေ၊ ကား၊ စီးပွားရေး လုပ်ငန်းတွေပါ အပိတ်ခံရနိုင်ပါတယ်။ ဒီလို ဗဟိုအခြေပြု စနစ် မရှိတဲ့ နည်းပညာ ငွေကြေးစနစ်တွေကြောင့် ဖြစ်လာတဲ့ အကျိုးကျေးဇူးကို Financial Freedom (ငွေကြေးဆိုင်ရာ လွတ်မြောက်မှု) လို့ ခေါ်ပါတယ်။
တခြားသော ဒစ်ဂျစ်တယ် နည်းပညာတွေ ဖြစ်တဲ့ အမေရိကန်ဒေါ်လာနဲ့ ညီမျှတဲ့ Stablecoin တွေဟာလည်း မြန်မာဘဏ်တွေနဲ့ စစ်တပ် ချုပ်ထိန်းထားတဲ့ ဘဏ်စနစ်ထဲမှာ မရှိတာကြောင့် ဒေါ်လာ ငွေသား စုဆောင်းထားတာထက် ပိုပြီး လုံခြုံသလို မိမိ စုဆောင်းထားကြောင်းကိုလည်း အာဏာပိုင်တွေ အနေနဲ့ သိဖို့ မလွယ်ပါဘူး။
မြန်မာနိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ နည်းလမ်းပေါင်းစုံ ဖိနှိပ်လာခဲ့ရပေမယ့် ၂၁ ရာစုမှာတော့ နည်းပညာ အခြေပြု စနစ်တွေနဲ့ မြန်မာကျပ် ငွေကြေးကို အသုံးပြုပြီး ဖိနှိပ်မှုကို ဆန့်ကျင် ရှောင်လွှဲလာဖို့ နည်းလမ်း အနေနဲ့ ဖြစ်လာခဲ့ပါပြီ။
ကိုးကား
1. The Day Three Myanmar Banknotes Suddenly Became Worthless (irrawaddy.com)
2. Can Bitcoin Save Us From a Banking Crisis? (bitcoinmagazine.com)
3. Burma’s Private Banking Crisis - a Chronology (irrawaddy.com)
(ယခု Bitcoin Myanmar Initiative မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)
Telegram တွင် စောင့်ဖတ်ရန် → https://t.me/BitcoinMyanmarEDU