မီဇိုရမ်ပြည်နယ်တွင် Federal Education High School – Chapi ကျောင်းဖွင့်ပွဲ ပြုလုပ်

မီဇိုရမ်ပြည်နယ်တွင် Federal Education High School – Chapi ကျောင်းဖွင့်ပွဲ ပြုလုပ်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ဆိုင်ဟားခရိုင်၊ ကျပီးကျေးရွာတွင် စစ်ဘေးရှောင် ပြည်သူများ စောင့်ရှောက်ရေး ကော်မတီ - ကျပီးမှ ဦးစီးပြီး Federal Education High School - Chapi အထက်တန်းကျောင်းကို မေလ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း ကျောင်းတာဝန်ရှိသူများက ပြောသည်။

Federal Education High School - Chapi အထက်တန်းကျောင်းကို CDM ဆရာ၊ ဆရာမ ၁၄ ဦး၊ စစ်ဘေးရှောင် ကျောင်းသူ၊ ကျောင်းသား ၁၄၄ ဦးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အထက်တန်းဆင့် မြေပြင် ကျောင်းတစ်ကျောင်း ဖြစ်ကြောင်း သိရသည်။

Federal Education High School - Chapi ဆိုင်းဘုတ်ဖွင့်ပွဲကို မေလ ၅ ရက်နေ့တွင် ရက်နေ့မှာ C.Chehnei, Deputy Chairman, Mara Autonomous District Council (C.Chehnei, ဒုဥက္ကဌ ၊ မရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) မှ အထူးဧည့်သည် (Chief Guest) အဖြစ် ပါဝင် ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူများ၊ မိဘဆရာများ၊ စစ်ဘေးရှောင်များအား အမှာစကားနှင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားတွင် ဆိုင်ဟားခရိုင် မရာလူငယ်အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် ကျောင်းဖွင့်ပွဲသို့ ကျပီးရွာ အုပ်ချုပ်ရေး အဖွဲ့ ၊ မရာကျောင်းသားများအဖွဲ့၊ ကျပီးရွာ အမျိုးသမီးရေးရာအဖွဲ့၊ ကျပီးရွာ ဆရာ၊ ဆရာမများအဖွဲ့၊ ကျပီးရွာ ဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။

ကျောင်းသား ကျောင်းသူများမှ အခမ်းအနား တက်ရောကလာသူများအား ချင်းရိုးရာအက၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအက၊ ဖျော်ဖြေရေး မျိုးစုံဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

လက်ရှိ ကျပီးကျေးရွာမှာ လာရောက်ခုံလှုံသူ စစ်ရှောင် ၆၇၈ ဦးရှိပြီး ဌာနပေါင်းစုံ CDM ၆၈ ဦး ပါဝင်ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်

#ကျပီးကျေးရွာ

#FederalEducationHighSchool–Chapi

#မီဇိုရမ်

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly