ဘိုကလေးမြို့မ ရဲစခန်းအတွင်း ပေါက်ကွဲမှုဖြစ်

By မင်းထက် (မဇ္စျိမ)
06 May 2023
ဘိုကလေးမြို့မ ရဲစခန်းအတွင်း ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊အမှတ် (၅ ) ရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့မရဲစခန်းဝန်းအတွင်းမှ ယနေ့ မေလ ၆ ရက်နေ့ ညပိုင်းအချိန်က ပေါက်ကွဲသံများကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲသံ နှစ်ချက်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ပေါက်ကွဲသံများကြားရပြီးနောက် ဘိုကလေးမြို့မရဲစခန်းဝန်းအတွင်းရှိ ရဲများက သေနတ်များဖြင့် ဦးတည်ရာမဲ့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း ဆိုသည်။

"ပေါက်ကွဲသံကြားရပြီး ရဲတွေက ရမ်းပစ်နေတော့ တစ်မြို့လုံး အိမ်ပြန်ပြေးကြတာ လမ်းပေါ်မှာ တစ်ယောက်မှ မရှိတော့ဘူး၊ ရဲတွေဘာဖြစ်သွားသေးလဲဆိုတာလဲ မသိရသေးဘူး"ဟု ဒေသခံက ပြောသည်။

ယင်းဘိုကလေးမြို့မရဲစခန်းအတွင်းမှ ပေါက်ကွဲသံများ ထွက်ပေါ်မှု၊ ထိခိုက်မှုများနှင့် ပတ်သက်ပြီး

မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများသည် ဘိုကလေးမြို့ပေါ်တွင် တားဆီးစစ်ဆေးမှုများ ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#ဘိုကလေးမြို့မရဲစခန်း

#ပေါက်ကွဲမှု

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly