ကန့်ဘလူခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့လို့ စစ်ဘေးရှောင်ပြည်သူ ၄၀,၀၀၀ကျော်ခန့်ရှိလာ (ရုပ်/သံ)

By KMN (မဇ္ဈိမ)
05 May 2023
ကန့်ဘလူခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့လို့ စစ်ဘေးရှောင်ပြည်သူ ၄၀,၀၀၀ကျော်ခန့်ရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ဝင်ရောက်မီးရှို့နေတာကြောင့် မေလဆန်းအထိ စစ်ဘေးရှောင်ပြည်သူ ၄၀,၀၀၀ကျော်ခန့် ရှိနေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမ ကို ပြောပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်ကြောင်းနှစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကန့်ဘလူခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာ ငါးရွာက နေအိမ် အလုံး ၈၀ အပြင် စစ်ရှောင်တဲ ၁၅ လုံး၊ စာသင်ဆောင် လေးခုတို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းသာမကဘဲ လေကြောင်းကနေပါတိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးရွာမှာကျင်းပနေတဲ့ အခမ်းအနားတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၈၀ နီးပါးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly