ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေတာမို့ အခြေအနေတွေ ပိုပြီး ဆိုးဝါးလာစေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှ အမြဲတမ်းကိုယ်စားလှယ်က ပြောပါတယ်။
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖိုနဲ့ ငြိမ်းချမ်းမှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေကို ကိုင်တွယ်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ တညီတညွတ်တည်း ပြတ်ပြတ်သားသား အရေးယူလုပ်ဆောင်ဖို့ကိုလည်း ဘင်္ဂလားဒေ့ရ်ှ သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။