တရုတ်ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်တိုင်း ဦးသန်းရွှေနှင့်တွေ့ဆုံခဲ့ကြ

တရုတ်ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက်တိုင်း ဦးသန်းရွှေနှင့်တွေ့ဆုံခဲ့ကြ

မြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ဂန်းနဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ မေလ ၂ ရက်နေ့မှာ နေပြည်တော် ခြောက်လုံးတန်းနေအိမ်မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင် CRI သတင်းဌာနက ဖော်ပြထားပါတယ်။

‘’တရုတ်နိုင်ငံဟာ မြန်မာရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်တယ်’’လို့ ဦးသန်းရွှေက ပြောခဲ့တဲ့အကြောင်း တရုတ်မီဒီယာ China Global Television Network က ဖော်ပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required