ဘောလခဲမြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး (ရုပ်/သံ) 

By KMN (မဇ္ဈိမ)
03 May 2023
ဘောလခဲမြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး (ရုပ်/သံ) 

ကရင်နီပြည်နယ်၊ ဘော်လခဲမြို့တွင်းက စစ်ကောင်စီအထိုင်ချရာ နေရာတွေကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တွေက မေလ ၁ရက်နေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် (၁၁၀၅) တပ်ရင်းက ထုတ်ပြန်ပါတယ်။ 

ဘောလခဲခရိုင် ပူးပေါင်းဗျူဟာ စစ်ကြောင်းဟာ မေလ ၁ ရက်နေ့ မနက် ၄ နာရီ ၅၀ မိနစ် မှာ ဘောလခဲမြို့တွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်/သံလွှင့်ဌာနတို့ကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာပါ။

ဒီတိုက်ပွဲမှာ ဘောလခဲပြည်သူ့ကာကွယ်‌‌ရေး တပ်ရင်းက ရဲဘော် နှစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောပါတယ်။

စာတည်း။   ။ နောင်နောင်

တင်ဆက်၊တည်းဖြတ် - KMN
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly