ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၅၀ ကျော် သေဆုံး (ရုပ်/သံ)

ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၅၀ ကျော် သေဆုံး (ရုပ်/သံ)

၂၀၂၃ ခုနှစ် ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ အမျိုးသမီး ၅၅ ဦးရှိပြီး အမျိုးသမီး ၄၀ ကျော်ဟာလည်း ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က မေလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ခြောက်ခုမှာ အသတ်ခံခဲ့ရတဲ့ အမျိုးသမီး ၅၅ ဦးအနက် စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး ၄၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။

အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဘေးရှောင်စခန်းတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောရေးတွေမှာ နှိပ်စက်ခံရလို့ သေဆုံးတာတွေကို တွေ့ရတယ်လို့ အမျိုးသမီးအရေး စောင့်ကြည့်နေသူတွေက ပြောပါတယ်။

စာတည်း။   ။ နောင်နောင်
သတင်း= ၀၀၁
တည်းဖြတ်/တင်ဆက်= ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly