စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ခုနစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“အလယ်လျှိုကျေးရွာက နေအိမ်ခုနစ်လုံး မီးလောင်ပျက်စီးသွားတယ်။ အခု စစ်ကြောင်းက ကန့်ဘလူ ဘက်ကို ပြန်ဆုတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် အလယ်လျှိုကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ ခြင်း ဖြစ်ပြီး ယင်းကဲ့သို့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အနီးအနားကျေးများရွာမှ ပြည်သူ ၂,၀၀၀ ခန့် ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ယနေ့ မေလ ၁ ရက်နေ့တွင် ယင်း စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူနှင့် ခင်ဦးနယ်အစပ်ရှိ ကျေးရွာ များဖြစ်သည့် ဖို့ကုန်း၊ ဇီးတောက်ကုန်းနှင့် နှဲတွင်းကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေကြောင်း ခင်ဦး မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပြည်သူတွေ ပိတ်မိတယ်လို့တော့ မကြားသေးဘူး။ စစ်ကြောင်းက တစ်ရွာနဲ့တစ်ရွာ ဝင်ရင်ကြာတယ် ဆိုတော့ အချိန်မီထွက်နိုင်ကြတယ်ထင်တယ်။ မီးရှို့လားမရှို့လားဆိုတာတာတေ့ မသိရသေးဘူး” ဟု ၎င်း က ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ပဇီကြီး၊ လေးတွင်းစဉ်၊ မြေမွန်၊ တရော် ကိုင်း စသည့်ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးနောက် ခင်ဦးမြို့နယ်အတွင်းသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် ဧပြီလ ၁၉ ရက်မှ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်၏မီးရှို့ဖျက်ဆီးမှုကြောင် နေအိမ် အလုံးပေါင်း ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ