စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ပွဲကို မေလ ၁ ရက် ယနေ့တွင် ပြုလုပ်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်းရုန်းပြီး အောင်ပွဲခံ” ၊ “United Voice of Workers, Fight for Federal Future” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်ကော်မတီ၏ ဆန္ဒပြရက်ပေါင်း(၇၇၉)ရက်အဖြစ် ချီတက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ