KIA တပ်ရင်း(၁၂)ကျပြီး လိုင်ဇာကို ထိန်းချုပ်နိုင်သလောက်ဖြစ်သွားပြီဆိုသည့် သတင်းမှား

By စိုင်းခန့် (မဇ္ဈိမ)
28 April 2023
KIA တပ်ရင်း(၁၂)ကျပြီး လိုင်ဇာကို ထိန်းချုပ်နိုင်သလောက်ဖြစ်သွားပြီဆိုသည့် သတင်းမှား

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၂)ကျပြီး စစ်ကောင်စီတပ်က လိုင်ဇာမြို့ကို ထိန်းချုပ်နိုင်သလောက်ရှိနေပြီဆိုသည့်သတင်း ဖေ့ဘုတ်တွင် ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

အဆိုပါ သတင်းကို “ကျော်သူရ ကျော်သူရ” အမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်မှ ဧပြီလ ၂၀ ရက်နေ့တွင် စတင်ဖြန့်ဝေထားသည်။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုကြောင့် ကချင်တပ်ရင်း(၁၂) ကျသွားပြီး လိုင်ဇာကိုထိန်းချုပ်နိုင်သလောက်ဖြစ်သွားကြောင်းဆိုထားကာ လက်နက်ခဲယမ်းပုံ နှစ်ပုံနှင့် အတူ ဖြန့်ဝေထားသည်။ ယင်းအား ပြန်လည်ဖြန်ဝေမှု ၁၅၄ ခုရှိနေပြီ ဖြစ်သည်။

အလားတူပိုစ့်ဖြင့်ပင် “စစ်သွေး စစ်မာန်” အကောင့်မှလည်း ဧပြီလ ၂၄ ရက်နေ့တွင် လက်နက်ခဲယမ်းပုံ လေးပုံဖြင့် ဖြန့်ဝေထားသေးသည်။

ထိုအကြောင်းကို မဇ္ဈိမမှ အချက်အလက်စစ်ဆေးခဲ့ရာ သတင်မှားဖြစ်ကြောင်း‌ တွေ့ရသည်။

ထိုဖြစ်စဉ်သည် စစ်ကောင်စီတပ်ကိုထောက်ခံသူများကြားတွင် မကြာခဏဖြန့်ဝေလေ့ရှိသည့် သတင်းမှား သာဖြစ်သည်။

အလားတူ သတင်းတုစာသားနှင့်ပုံ တစ်ထပ်တည်းကျသည့်ဖြန့်ဝေမှုကို ၂၀၂၂ ခုနှစ် ဧပြီကလည်း တွေ့ခဲ့ရ သည်။ ထိုအကြောင်းအရာ သတင်းမှားဖြစ်သည်ကို အချက်အလက်စစ်ဆေးသည့်အဖွဲ့တစ်ခုဖြစ်သည့် Boom Myanmar မှ ဖော်ထုတ်ရေးသားထားသည်။ လင့် - t.ly/gBuC

ကချင်ပြည်နယ်အခြေစိုက် ဒေသတွင်းသတင်းဌာနများအပြင် အခြားယုံကြည်ရသည့် မီဒီယာများတွင် အဆိုပါသတင်းနှင့်ပတ်သက်၍ ဖော်ပြထားခြင်း မရှိပေ။

အလားတူပင် KIA တပ်ရင်း(၁၂)ကျသည်ဆိုသောသတင်းမှားကို အခြားပုံများဖြင့် ဖြန့်ဝေမှုသည် ၂၀၂၁ ခုနှစ်ကတည်းကပျံ့နှံ့ခဲ့ဖူးပြီး မဇ္ဈိမမှ အချက်အလက် စစ်ဆေးခဲ့ပြီးဖြစ်သည်။ လင့် - https://www.mizzimaburmese.com/article/91578

ထို့ကြောင့် KIA တပ်ရင်း(၁၂)ကျဆုံးသည့်သတင်းသည် စစ်ကောင်စီတပ် ထောက်ခံသူများကြား ဝါဒဖြန့် သည့် သတင်းအမှားသာဖြစ်ပြီး နှစ်စဉ် ပြန်လည်အသစ်ဖန်တီးနေသည့် သတင်းမှားသာဖြစ်ကြောင်း‌ ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

##fakenews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly