ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းကို ချီတက်အလေးပြုခဲ့သည့် ရွာပေါင်းစုံ စစ်ကြောင်း

By ပါခွီး (မဇ္စျိမ)
27 April 2023
ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းကို ချီတက်အလေးပြုခဲ့သည့် ရွာပေါင်းစုံ စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် နှင့် ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ချီတက်ကာ ကျဆုံးခဲ့သည့် အာဇာနည် ကို အလေးပြုခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၇ရက် ယနေ့တွင် လူထုသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့တွင် စစ်ကောင်စီတပ်မှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသည့် အာဇာနည်သူရဲကောင်း ချမ်းမြေ့ကျော် ၏ နှစ်နှစ်နှင့် တစ်လ မြောက်အထိမ်းအမှတ်အဖြစ် ၎င်း၏ ဂူဗိမာန်တွင် ချီတက်အလေးပြုခဲ့ကြခြင်းဖြစ်သည်။

သပိတ်စစ်ကြောင်းသည် “သွေးစွန်းငွေလာရာ MOGE ကို ချက်ချင်း အရေးယူပိတ်ဆို့ပေး” ပါ စာတန်း ကို ကိုင်ဆွဲ၍  ရွာပေါင်းစုံသပိတ်၏ ဆန္ဒပြရက်ပေါင်း ၇၇၄ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required