စစ်ကိုင်းမှာ စစ်ကောင်စီတပ်က ၅ရက်အတွင်းကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

စစ်ကိုင်းမှာ စစ်ကောင်စီတပ်က ၅ရက်အတွင်းကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ငါးရက်အတွင်း ကျေးရွာခြောက်ရွာ မီးရှို့ဖျက်ဆီးပြီး ဒေသခံအမျိုးသားတစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

ဧပြီလ ၂၁ ရက်ကနေ ၂၄ ရက်အထိ သုံးရက်အတွင်း စစ်ကိုင်းမြို့နယ်က အင်းစ၊ မူးသာ၊ တောင်မြို့နဲ့ ရွာထောင် အပါအဝင် ရွာခြောက်ရွာက နေအိမ် ၄၄၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အင်းစရွာသား တစ်ဦး၊ မူးသာရွာသား တစ်ဦးနဲ့ စံသစ်ရွာသား သုံးဦး စုစုပေါင်း ငါးဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အင်းစရွာရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဒီပဲယင်းကွဲရွာမှ ဓမ္မာရုံ တစ်လုံးတို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required