စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး ဟံသာဝတီဦးဝင်းတင်၏ အမှာစကားပါ စာတန်းကို ကိုင်ဆွဲချီတက်ခဲ့ကြသည်။
ဧပြီလ ၂၃ ရက် ယနေ့တွင် လူထုသပိတ်သည် ဟံသာဝတီဦးဝင်တင်၏ အမှာစကားဖြစ်သော “စိတ်ဓါတ် မကျိုးပဲ့စေနဲ့ ၊ စုဖွဲ့မှု မကျိုးပဲ့စေနဲ့ ၊ ကျန်းမာရေး မကျိုးပဲ့စေနဲ့” ပါ စာတန်းကိုကိုင်ဆွဲ၍ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး ချီတက်ခဲ့ကြခြင်းဖြစ်သည်။
ကျေးရွာပေါင်းစုံသပိတ်သည် ဆန္ဒပြရက်ပေါင်း (၇၇၁) ရက်မြောက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်း ဖြစ်သည်။
ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြနေခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ