ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ခုတွင် “နိုင်/ကျဉ်းများကို ချက်ချင်းလွှတ် “ စာတန်းများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

By လွှမ်းမိုး(မဇ္ဈိမ)
22 April 2023
ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ခုတွင် “နိုင်/ကျဉ်းများကို ချက်ချင်းလွှတ် “ စာတန်းများဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ရှိ ကျေးရွာတစ်ခုတွင် “ နိုင်/ ကျဉ်းများကို ချက်ချင်းလွှတ်” ဟူသည့် စာသားပါ ဘန်နာများကို ကိုင်ဆွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ဧပြီ လ ၂၁ ရက် ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သပိတ်တွင် မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ၊ လက်ပံတောင်းတောင် ပင်မသပိတ် နှင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တို့ က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“ တော်လှန်ရေး ရဲ့ အနိုင်အရှုံးကို ပြည်သူတွေကပဲ  အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အလားတူ မတရား ဖမ်းဆီး ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အတွက် ပြည်သူလူထု တစ်ရပ်လုံး၏ တောင်းဆိုမှု တွေ ၊ အသံတွေ အများကြီး လိုအပ် ပါတယ်။

မပြီးပြတ်သေးတဲ့ တော်လှန်ရေးကြီးမှာ တိုင်းပြည်အပေါ်မှာ စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာ မရှိဘူးဟု ပြတ်ပြတ်သားသား ပြောခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင် ရဲ့ စိတ်ဓာတ်မကျိုးပဲ့စေနဲ့ ၊စုဖွဲ့မှုမကျိုးပဲ့စေနဲ့ ၊ကျန်းမာရေး မကျိုးပဲ့စေနဲ့ ဆိုတဲ့ မကျိုးပဲ့ရေး သုံးမျိုးကို လက်ကိုင်ထားပြီး ဆက်လက်ချီတက် ရမှာ” ဟု အဆိုပါ သပိတ်တွင် မချောစုဟန်က ဆိုသည်။

ထိုဆန္ဒပြပွဲကို ယင်းမာပင် ၊ ဆားလင်းကြီး ဒေသခံပြည်သူ ၈၀၀ ကျော်ခန့် ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly