ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၂ ခုကို တစ်ပြိုင်နက်တိုက်ခိုက်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံး

By MTO (မဇ္စျိမ)
21 April 2023
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၂ ခုကို တစ်ပြိုင်နက်တိုက်ခိုက်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးသေဆုံး

မကွေးတိုင်း ၊ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် နေရာနှစ်ခုကိုတစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင် ငါးဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိပြီး ကာကွယ်ရေးတပ်ဖွဲ့၀င် တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း Myingyan Black Tiger-MBT အဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ  ၂၀ ရက် နံနက် ၄ နာရီခွဲအချိန်တွင် ရေစကြိုမြို့ အမှတ် (၄) ဖောင်တော်ဦး ရပ်ကွက်ရှိ ငြိမ်းဇာ နည် တပ်စခန်းနှင့် ရေစကြိုမြို့ ရုံးပေါင်းစုံ တပ်စခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း MBT အဖွဲ့ မှ ဗိုလ်မိုက်ခဲက ပြောသည်။

“ငြိမ်းဇာနည်တပ်စခန်းမှာ အင်အား ၁၂ ယောက် လောက်ရှိတယ် ကျနော်တို့ဘက်က စခန်းသိမ်းနိုင် လုနီးပါးဖြစ်ခဲ့တယ် ကျည်အင်အားမလုံလောက်တာရော ကျတော်တို့ဘက်က ရဲဘော်တစ်ယောက် ကျ သွားတာရော ကြောင့်ပြန်ဆုတ်လာခဲ့ရတယ် “ ဟု၎င်းကပြောသည်။

ရေစကြိုမြို့  ရုံးပေါင်းစုံတပ်စခန်းသည် ရေစကြိုမြို့ပေါ် တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားဖြင့် တပ်စွဲထားသည့် တပ်စခန်းတစ်ခုဖြစ်ပြီး ငြိမ်းဇာနည်တပ်စခန်းကို တိုက်ခိုက်နေချိန်၌ စစ်ကူလာနိုင်သည့်အတွက် ယင်းတပ်စခန်းကိုပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရုံးပေါင်းစုံဆိုတာ ရေစကြိုတစ်မြို့လုံးမှာ အင်အားအများဆုံးပဲ အဲ့ဒါကို MBT အဖွဲ့ ရဲ့ အမှတ် (၂) စစ် ဆင်ရေးအဖွဲ့က ရဲဘော်တွေက ငြိမ်းဇာနည်ကိုလာမကူနိုင်အောင်လို့ သွားရောက်တိုက်ခိုက်ခဲ့တာပါ “ ဟု ဗိုလ်မိုက်ခဲက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများကို Myingyan Black Tiger (MBT) ၊မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ (၃) မီးတောက်တပ်ခွဲ ၊ တပ်ခွဲ (၄)လျှပ်စီးတပ်ခွဲ ၊ ညောင်ဦးခရိုင်တပ်ရင်း (၅)၊ ရဲဘော်ညီနောင် တပ်ဖွဲ့ ၊Royal Eagle People Defence Force  (YSO) တို့ ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly