လေကြောင်းတိုက်ခိုက်မှုခံထားရတဲ့ ပဇီးကြီးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီးနောက် ပြည်သူ ၂ ဦး ကို သတ်ဖြတ်

By MTO(မဇ္ဈိမ)
20 April 2023
လေကြောင်းတိုက်ခိုက်မှုခံထားရတဲ့ ပဇီးကြီးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီးနောက် ပြည်သူ ၂ ဦး ကို သတ်ဖြတ်

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့က  စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်လို့ ပြည်သူ ၁၇၀ နီးပါးလောက် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို ဧပြီ ၁၉ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က ခြေလျင် စစ်ကြောင်းနဲ့ စစ်ကြောင်းထိုး၀င်ရောက်လာတာပါ။ 

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ပဇီကြီးကျေးရွာနှင့်အခြား ရွာ လေးရွာလောက်က ထောင်နဲ့ ချီတဲ့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီကနေ့ ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ် တွေ ဟာ ပဇီကြီးကျေးရွာနှင့်မဲဇတော်ကျေးရွာအကြားမှာ စစ်ဘေးရှောင်ပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့တယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly