လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

By ကိုရွှေမြိတ်
19 April 2023
လောင်းလုံးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တော်လှန်ရေးလူငယ်များက ဦးဆောင်၍ ယနေ့ ဧပြီလ ၁၉ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြုလုပ်ခဲ့ပြီး “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” စာသားပါ ဘန်နာကို ကိုင်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ချီ တက်ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly