(၇၆၆) ရက်မြောက်အဖြစ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာနှင့် ပူးပေါင်းဆန္ဒပြခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္ဈိမ)
18 April 2023
(၇၆၆) ရက်မြောက်အဖြစ် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာနှင့် ပူးပေါင်းဆန္ဒပြခဲ့သည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနှင့် ကယ်တင်ရှင်မရှာဒို့ကျေးရွာ သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေးအဖြစ် ယနေ့ ဧပြီလ ၁၈ ရက်တွင် ဆက်လက်ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်သည် ဆန္ဒပြရက်ပေါင်း (၇၆၆) ရက်မြောက်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း

#စစ်အာဏာရှင်ဆန့်ကျင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly