တနင်္သာရီတွင် ခမရ(၅၆၁)မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်လာ

By ကိုရွှေမြိတ် (မဇ္ဈိမ)
16 April 2023
တနင်္သာရီတွင် ခမရ(၅၆၁)မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်လာ

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခမရ(၅၆၁)မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ဧပြီလ ၁၄ ရက်နေ့က CDM ပြုလုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့်တပ်သားနှင့် အတူ MA-3 မောင်းပြန်တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့် ချပ်ဝတ်တန်ဆာအချို့ပါဝင်ပြီး လက်နက်နှင့်အတူခိုလှုံလာသည့်အတွက် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲ ရေးအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၃၀ ပေးအပ်သွားရန်စီစဉ်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက“ကျွန်တော်တို့ ယုံကြည်စွာနဲ့ လက်ကမ်းပြီး လမ်းဖွင့်ထားပါတယ်။ စိတ်ရင်းအမှန်နဲ့ပူးပေါင်းချင်ရင် အချိန်မရွေးလာရောက်နိုင်ပါတယ်”ဟု ပြော သည်။

လက်ရှိတွင် CDM ရဲဘော်၏ ဆန္ဒအရ လွတ်မြောက်ဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး ၎င်းနှင့်ပတ်သက်ပြီး စောင့်ကြည့်နေကြောင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြော သည်။

နောက်ထပ် CDM ပြုလုပ်လာမည့် စစ်ကောင်စီတပ်သားများကို နွေးထွေးစွာ ဆက်လက်လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း

#ခမရ(၅၆၁)

#ပြည်သူ့ရင်ခွင်

#CDM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly