ရန်ကုန် ဇွန် ၃၀ ။ ။ လားရှိုးမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဓာတ်ဆီပုံးမီးစွဲရာမှ မီးလောင်မှုဖြစ်ပွားပြီး ယင်းနေအိမ် တွင်နေထိုင်သည့် သားအမိနှစ်ဦး မီးလောင်ဒဏ်ရာဖြင့်သေဆုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဇွန် ၂၉ ရက် ည ၁၀ နာရီခန့် ကဖြစ်ပွား ခဲ့သည်ဟု အဆိုပါမြို့မရဲစခန်း၏ ရဲအရာရှိတစ် ဦးကပြောသည်။
လားရှိုးမြို့နယ်၊ (၁) ရပ်ကွက်၊ ပါရမီလမ်းသွယ် ၁၀ ရှိနေအိမ်တစ်အိမ်တွင် ဘုရားစင်၌မီးထွန်းရာမှ နံရံကိုစတင် ကူးစက်လောင် ကျွမ်းပြီး ယင်းမှတစ်ဆင့် ဓာတ်ဆီပုံးကိုထပ်မံကူးစက်ကာ လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်။
ထိုသို့လောင်ကျွမ်းသဖြင့် နေအိမ်တွင်နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ဒေါ်တင်စိုးသည် ၎င်း၏အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် ၁၂ နှစ်အရွယ်သားဖြစ်သူတို့နှင့်အတူထွက်ပြေးရာ သမီးဖြစ်သူမှာ လွတ်မြောက် ခဲ့သော်လည်း သားအမိနှစ်ဦးမှာမီးလောင်ကျွမ်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှုခင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ တာချီလိတ်မြို့မရဲစခန်းက (ပ) ၁၉၅/၁၅၊ ပြစ်မှုပုဒ်မ ၂၈၅/၃၀၄-က ဖြင့်အမှုဖွင့် စစ်ဆေးဆောင် ရွက်နေသည်ဟု အဆို ပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။