စည်ကားနေသည့် သင်္ကြန်ပုံရိပ်များတွင် အခြားနိုင်ငံမှပုံများ ရောနှောပါဝင်

By ဂျူချန်း (မဇ္ဈိမ)
14 April 2023
စည်ကားနေသည့် သင်္ကြန်ပုံရိပ်များတွင် အခြားနိုင်ငံမှပုံများ ရောနှောပါဝင်

မြန်မာပြည်သူများ ယခုနှစ်သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ပျော်ပျော်ရွှင်ရွှင် ရေ ကစားနေကြသည့်ဟန်ဖြင့် အခြားနိုင်ငံမှ ဓာတ်ပုံများဖြင့် ရောနှောဖော်ပြမှုများရှိနေသည်။

“မြန်မာတို့၏ နှစ်ကူးသင်္ကြန်အခါသမယမှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ နှစ်သစ်မှာပျော်စေ..”ဟုဆိုကာ “ ၁၃ ရက် ဧပြီလ ၂၀၂၃ ခုနှစ်” ဟု “Nan Mya Mya Mei Mei Zaw” အမည် ရှိ ဖေ့စ်ဘုတ်အကောင့်မှ ပြည်သူများပျော်ပျော်ပါးပါး ရေကစားနေကြသည့် ဓာတ်ပုံ ၃၁ ပုံအား ဖြန့်ဝေ ထားသည်။ 

အဆိုပါပို့စ်အား ကြိုက်နှစ်သက်ကြောင်းပြုလုပ်ထားသူ ၂,၅၀၀ ကျော်ရှိပြီး ပြန်လည်ဖြန့်ဝေမှု ၂၂၇ ခု ရှိနေ ပြီ ဖြစ်သည်။ 

ထို့ပြင် အဆိုပါဓာတ်ပုံများအား ယခု ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံမှသင်္ကြန်ပွဲတော်ပုံများအဖြစ် အခြား ဖေ့စ်ဘုတ် အသုံးပြုသူများမှလည်း ထပ်ဆင့်ဖော်ပြကြလျက်ရှိရာ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

မဇ္ဈိမအနေဖြင့် အဆိုပါဓာတ်ပုံများအားစစ်ဆေးခဲ့ရာတွင် အခြားနိုင်ငံမှရေကစားနေကြသည့် ဓာတ်ပုံများ လည်းပါဝင်နေကြောင်း တွေ့ရသည်။

ဖော်ပြပါပုံများအနက် လူပေါင်းများစွာရေကစားနေသည့် ပထမဆုံးခြောက်ပုံနှင့် နောက်ဆုံးတွင်ပါရှိသည့် မိန်းကလေးငယ်တစ်ဦးအား အမျိုးသားတစ်ဦးမှရေပက်နေသည့်ပုံများတွင် ရေစာဖြင့် XINHUA ဟု ရေး သားထားသည်။ 
ထိုပုံများသည်  ဧပြီ ၁၂ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်စီမြို့၌ ကျင်းပသော သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားမှ ဓာတ်ပုံများ ဖြစ်သည်။ 

အဆိုပါအကြောင်းအရာနှင့် ဓာတ်ပုံများအား China Xinhua News ဖေ့စ်ဘုတ်စာမျက်နှာနှင့် တရုတ် ဝက်ဘ်ဆိုက်များတွင်  ဖော်ပြထားကြသည်။
လင့် https://bit.ly/3MIbc3q
လင့် http://bit.ly/41rF1sZ

ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံတွင်ကျင်းပနေသည့်သင်္ကြန်ပွဲတွင် မြန်မာပြည်သူအများအပြား ပါဝင်ဆင် နွှဲနေကြသည်ဟူသောဓာတ်ပုံများတွင် အခြားနိုင်ငံမှဓာတ်ပုံများအား ရောနှောအသုံးပြုထားကြောင်း ဖော်ပြလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly