“စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန်ပြည်သူ့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
13 April 2023
“စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန်ပြည်သူ့အသံ” ဆိုသည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ဖြစ်သော ယနေ့တွင် ဆက်လက်ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်သည် ဆန္ဒပြရက်ပေါင်း (၇၆၃) ရက်မြောက်အဖြစ် “စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန် သင်္ကြန်ပြည်သူ့အသံ”  စာတမ်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည်  ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့တွင်စတင် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required