ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုတွင် မိသားစုဝင်အချို့ ဆုံးရှုံးခဲ့ရသူများ၏ ပြောကြားချက် (ရုပ်သံ)

By ဂျူချန်း(မဇ္ဈိမ)
12 April 2023
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုတွင် မိသားစုဝင်အချို့ ဆုံးရှုံးခဲ့ရသူများ၏ ပြောကြားချက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ရက် နံနက်က ပြုလုပ်ခဲ့သည့်  ရပ်ရွာအ‌ရေး‌ဆွေးနွေးပွဲနှင့် အလှူပွဲတစ်ခုကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ကျေးရွာ ခြောက်ရွာမှ လူ၂၀၀ ခန့် စုဝေးနေချိန် နံနက် ၇နာရီ ၄၅မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ရာ အသက် ၁၀နှစ်အောက် ကလေးငယ်အချို့အပါအဝင် လူအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ဖြစ်စဉ်အတွင်း မိသားစုများ ဆုံးရှုံးခဲ့ရသည့် ပဇီကြီးဒေသခံအချို့အား မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးကို တွေ့ဆုံ မေးမြန်းထားသည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ရုပ်အလောင်း စုစုပေါင်း ၈၀ ကျော် သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သော်လည်း မြေပြင်တွင် ရုပ်အလောင်းများ ရှိနေသေးသည်ဟု သိရသည်။ မီးသင်္ဂြိုဟ်ပြီးသည့် ရုပ်အလောင်းများတွင် ၁၀နှစ်အောက်ကလေး ယောကျာ်းလေး ငါးဦးနှင့် မိန်းကလေး ခုနစ်ဦးပါဝင်သည်ဟု ကယ်ဆယ်ရေးအဖွဲ့က အတည်ပြုထားသည်။

လူ၁၅၀ထက်မနည်း သေဆုံးနိုင်ပြီး  သေဆုံးသူအရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly