“သုံးနှစ်အရွယ်ကနေ ငါးဆယ်ကျော်အရွယ် အလောင်းတွေ သင်္ဂြိုဟ်နေရတယ်” (ရုပ်/သံ)

“သုံးနှစ်အရွယ်ကနေ ငါးဆယ်ကျော်အရွယ် အလောင်းတွေ သင်္ဂြိုဟ်နေရတယ်” (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်က အခမ်းအနားတစ်ခုကျင်းပဖို့ လူစုနေစဉ်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်အပြင် Mi 35 ရဟတ်ယာဉ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် လူဦးရေ ၈၀ ကျော်သေဆုံးခဲ့ပြီး ၁၀၀ ဝန်းကျင် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးခဲ့တဲ့အလောင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ကောက်ယူသင်္ဂြိုဟ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တာကြောင့် ရပ်နားခဲ့ရပါတယ်။

ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းမှာတော့ သင်္ဂြိုဟ်မှု ဆက်လက်ပြုလုပ်နေပြီး ပဇီကြီးကျေးရွာမှာ ကူညီနေတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရဲဘော်တစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်း ထားပါတယ်။

မဇ္ဈိမက ဧပြီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် နောက်ဆုံးရရှိထားတဲ့သတင်းအရတော့ ပဇီကြီး ကျေးရွာကို နံနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်နှစ်စင်းနဲ့ လေကြောင်းက ကင်းထောက်နေလို့  ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထားရကြောင်း သိရပါတယ်။

လက်ရှိအချိန်ထိ အလောင်း စုစုပေါင်း ၈၀ ကျော်ကိုသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပေမယ့် တစ်စစီပြန့်ကျဲနေတဲ့ အလောင်းတွေကျန်ရှိနေပြီး အတိအကျအတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ မြေပြင်မှာ ကယ်ဆယ်ရေးလုပ် နေသူတွေကပြောပါတယ်။

ရုပ်သံတည်းဖြတ်-KMN 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required