Special Force Column မှ ရဲဘော်များက တော်လှန်သင်္ကြန်အတွက်ဆုတောင်း

Special Force Column မှ ရဲဘော်များက တော်လှန်သင်္ကြန်အတွက်ဆုတောင်း

နွေဦးတော်လှန်ရေးအတွင်း ကျရောက်မည့် ၂၀၂၃ ခုနှစ်တော်လှန်သင်္ကြန်နဲ့ပတ်သက်၍ Special Force Column - PDF Commando Battalion ကွန်မန်ဒို ရဲဘော်တပ်သားများ၏ ဆုတောင်း မေတ္တာရပ်ခံလွှာကို ဗွီဒီယိုဖိုင်မှ တစ်ဆင့်ထုတ်ပြန်လာသည်။

အဆိုပါထုတ်ပြန်ချက်ဗွီဒီယိုတွင် ပြည်သူများအနေဖြင့် တော်လှန်သင်္ကြန်ကိုသာဆင်နွှဲရန်၊ စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေရန်အပါအဝင် မိဘပြည်သူအပေါင်း ကျန်းမာပါစေကြောင်း ပါရှိသည်။

Special Force Column - PDF Commando Battalion သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တောင်ပိုင်းစစ်ဒေသခွဲ (၂) ၏ အထူးစစ်ဆင်ရေး တပ်ရင်းတစ်ခုဖြစ်သည်။

စာတည်း ။ ။ Alden
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly