စစ်ကိုင်း၌ လူ ၁၀၀ ကျော် သေဆုံးသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှုတ်ချ 

By AA.com 
12 April 2023
စစ်ကိုင်း၌ လူ ၁၀၀ ကျော် သေဆုံးသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရှုတ်ချ 

စစ်ကိုင်းတိုင်း ကန့်ဘလူ၌ လူ ၁၀၀ ကျော်ထက်နည်း သေဆုံးသည့် မြန်မာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က ပြစ်တင်ရှုတ်ချသည်။ 

“အတွင်းရေးမှူးချုပ်ဟာ အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကျမှုကို ထပ်လောင်းပြောဆိုပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ စတိဖင် ဒူဂျာရစ်က ထုတ်ပြန်ချက်၌ ပြောသည်။ 

အဆိုပါ တိုက်ခိုက်မှု၌ လက်သည်များအားလုံး တာဝန်ခံစေရမည်ဖြစ်ကြောင်းလည်း ဂူတာရပ်က ထပ်လောင်းပြောဆိုသည်။ 

မြန်မာနိုင်ငံအနှံ့အပြား၌ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျုးလွန်နေခြင်းအား ရပ်တန့်လည်း စစ်ကောင်စီကို ၎င်းက ထပ်လောင်းတိုက်တွန်းသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်ချိန်မှစကာ ဝရုန်းသုန်းကားအခြေအနေ ဆိုက်ရောက်လျက် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required